Tuesday, March 18, 2014

အချစ်၏ ဆန္ဒ

ယောက်ျားလေးတစ်ယောက်
ဟာ မိန်းကလေးတစ်ယောက်ကို
ချစ်မိသွားခဲ့ရင် နောက်ကွယ်မှာ
ပဲဖြစ်နေပါစေ တစ်ယောက်နဲ့
တစ်ယောက်ဝေးနေကြပါစေ
သူမကြိုက်တဲ့ကိစ္စလေးတွေကို
အတတ်နိုင်ဆုံးရှောင်နေတတ်ပါ
တယ်...

မိန်းကလေးတစ်ယောက်က
ယောက်ျားလေးတစ်ယောက်ကို
ချစ်မိသွားပြီဆိုရင်လဲ သစ္စာ
တရားဆိုတာကို အရာအားလုံး
ထက်ပိုတန်ဖိုးထားတတ်ကြ
တယ်...

ယောက်ျားလေးတွေကချောတာ
လှတာကိုမက်မောတယ်ဆိုပေမဲ့
ယုယကြင်နာတတ်မှုနဲ့ဂရုစိုက်မှု
ပေးတတ်တဲ့မိန်းကလေးတွေကို
ပိုမြတ်နိုးတတ်ကြတယ်...

မိန်းကလေးတွေက ကိုယ့်ချစ်သူ
ဆီက မားမားမတ်မတ်ရပ်တည်
နိုင်မှုအခက်ခဲတွေကိုအတူတကွ
ရင်ဆိုင်ဖြေရှင်းနိုင်မှုလေးတွေ
ကိုပိုလိုချင်တတ်ကြတယ်...

တကယ်ချစ်မိကြရင်တော့
ယောက်ျားလေးကအရာအား
လုံးထက်ပိုတန်ဖိုးထားတတ်
သလိုမိန်းကလေးကလဲနားလည်
မှုလေးနဲ့ကိုယ့်ချစ်သူရဲ့နံဘေးမှာ
ရပ်တည်ပေးနေရတာကိုပျော်
နေတတ်ပါတယ်...
Phoe Phyu

0 comments:

Post a Comment