Tuesday, March 18, 2014

မင်းကိုချစ်လို့ 


တော်သလိုပဲထားထား
ပျော်သလိုပဲကစားကစား
နှလုံးသားတစ်ခုလုံး
မင်းဆီမှာ
အပြီးအပိုင်အပ်နှင်းပြီးသားနော်

ထားရာနေ စေရာသွား
ကြိုးဆွဲရာကိုကပေးရမဲ့
ရုပ်သေးရုပ်ဖြစ်ရမယ်ဆိုရင်တောင်
အပြုံးမပျက် အမုန်းမဖက်ဘဲ
အရာရာဟာ
မင်းသဘော မင်းဆန္ဒပါချစ်သူ

မင်းသာအနားမှာရှိရင်
ကိုယ်ဟာ..အရာအားလုံးကို
အပြုံးတွေနဲ့
ကျေနပ်နေမယ့်သူပါကွာ.....
ဒါတွေဟာ မင်းလေးကိုသိပ်ချစ်လို့ 
 ကာရံ ချစ်သူလေး

0 comments:

Post a Comment