Tuesday, March 18, 2014

ဘယ်သူကမှသင့်မျက် ရည်တွေကို
သတိပြုမိမှာမဟုတ်ဘူး

ဘယ်သူကမှသင့်ဝမ်းနည်းနာကျင်မူကိ
သတိပြုမိမှာမဟုတ်ဘူး

ဘယ်သူကမှသင့်ကြေကွဲ ပျက်ဆီး မူကို
သတိပြုမိမှာမဟုတ်ဘူး

ဒါပေမယ့်သူတို့အားလုံးသင့် "အမှား "
တွေကိုတော့သတိပြုမိကြပါ လိမ့် မယ်
                                                                              သက်တန့်ချို

အချစ်၏ ဆန္ဒ

ယောက်ျားလေးတစ်ယောက်
ဟာ မိန်းကလေးတစ်ယောက်ကို
ချစ်မိသွားခဲ့ရင် နောက်ကွယ်မှာ
ပဲဖြစ်နေပါစေ တစ်ယောက်နဲ့
တစ်ယောက်ဝေးနေကြပါစေ
သူမကြိုက်တဲ့ကိစ္စလေးတွေကို
အတတ်နိုင်ဆုံးရှောင်နေတတ်ပါ
တယ်...

မိန်းကလေးတစ်ယောက်က
ယောက်ျားလေးတစ်ယောက်ကို
ချစ်မိသွားပြီဆိုရင်လဲ သစ္စာ
တရားဆိုတာကို အရာအားလုံး
ထက်ပိုတန်ဖိုးထားတတ်ကြ
တယ်...

ယောက်ျားလေးတွေကချောတာ
လှတာကိုမက်မောတယ်ဆိုပေမဲ့
ယုယကြင်နာတတ်မှုနဲ့ဂရုစိုက်မှု
ပေးတတ်တဲ့မိန်းကလေးတွေကို
ပိုမြတ်နိုးတတ်ကြတယ်...

မိန်းကလေးတွေက ကိုယ့်ချစ်သူ
ဆီက မားမားမတ်မတ်ရပ်တည်
နိုင်မှုအခက်ခဲတွေကိုအတူတကွ
ရင်ဆိုင်ဖြေရှင်းနိုင်မှုလေးတွေ
ကိုပိုလိုချင်တတ်ကြတယ်...

တကယ်ချစ်မိကြရင်တော့
ယောက်ျားလေးကအရာအား
လုံးထက်ပိုတန်ဖိုးထားတတ်
သလိုမိန်းကလေးကလဲနားလည်
မှုလေးနဲ့ကိုယ့်ချစ်သူရဲ့နံဘေးမှာ
ရပ်တည်ပေးနေရတာကိုပျော်
နေတတ်ပါတယ်...
Phoe Phyu

မင်းကိုချစ်လို့ 


တော်သလိုပဲထားထား
ပျော်သလိုပဲကစားကစား
နှလုံးသားတစ်ခုလုံး
မင်းဆီမှာ
အပြီးအပိုင်အပ်နှင်းပြီးသားနော်

ထားရာနေ စေရာသွား
ကြိုးဆွဲရာကိုကပေးရမဲ့
ရုပ်သေးရုပ်ဖြစ်ရမယ်ဆိုရင်တောင်
အပြုံးမပျက် အမုန်းမဖက်ဘဲ
အရာရာဟာ
မင်းသဘော မင်းဆန္ဒပါချစ်သူ

မင်းသာအနားမှာရှိရင်
ကိုယ်ဟာ..အရာအားလုံးကို
အပြုံးတွေနဲ့
ကျေနပ်နေမယ့်သူပါကွာ.....
ဒါတွေဟာ မင်းလေးကိုသိပ်ချစ်လို့ 
 ကာရံ ချစ်သူလေး

ချစ်ခြင်း၏ အနိုင် အရှုံး

ချစ်သူ အချင်းချင်း...
စိတ်ဆိုး စိတ်ကောက်တဲ့အခါ..
ကိုယ် လွဲမှားမှုမရှိခဲ့သည့်တိုင်အောင်..
ပထမဆုံး စခေါ်မိတဲ့သူက ကိုယ့်အတ္တထက်..
ချစ်သူ ကိုပျောက်ဆုံးဖို့ မခံနိုင်တဲ့သူ...။

ချစ်သူ အချင်းချင်း ....
စကားများရန်ဖြစ်ကြတဲ့အခါ...
ကိုယ်မမှားခဲ့သည့်တိုင်အောင်..
ပထမဆုံး အလျော့ပေးမိတဲ့သူက ကိုယ့်မာနထက်
ချစ်သူကို အဆုံးရှုံးမခံနိုင်တဲ့သူ...။

ချစ်သူ အချင်းချင်း..
အထင်လွဲမှားမှု ကြုံကြိုက်လာတဲ့အခါ
ကိုယ် အပြစ်မလုပ်ခဲ့သည်တိုင်အောင်
ပထမဆုံး တောင်းပန်မိတဲ့သူက ကိုယ့်ဘ၀ထက်
ချစ်သူကို ပိုတန်ဖိုးထားတဲ့သူ...။

ချစ်သူ အချင်းအချင်း..
တင်းမာတဲ့ အခြေအနေရှိလာတဲ့အခါ..
အရှုံးပေးလိုက်တဲ့သူက... တကယ်တော့
အနိုင်ရသွားတဲ့လူ...
ကိုယ်အရှုံးပေးလိုက်တဲ့သူထက်...ပိုပြီးတော
ချစ်နိုင်တဲ့သူ .....

MNU