Tuesday, September 18, 2012

ချစ်သူသည်သာ ငါ့ကမ္ဘာ

ဟို...မိုးကောင်းကင်
ကြည်လင်တောက်ပ
တိမ်သားမရှိ
ကင်းသည့်လွင်ပြင်
ပြာရောင်ဆင်သ
ပမာပြချင်  ငါ့ရင်ခွင်။
ကောင်းကင်ကျယ်ပြော
မေတ္တာနှောလို့
သဘောဖြူစင်
သံယောဇဉ်မှာ
ပြာလဲ့အရောင်
ချစ်အရောင်သို့
ရောင်ခြယ်တူမျှ
တူလှပါသည်  မောင့်ဒေ၀ီ။
အချစ်သဘော
ကျယ်လှပေါကြွယ်
ပြောကြဆိုတယ်
လောကလယ်မယ်
ချစ်တယ်ခဏ
ပစ်ပယ်ခဏ
ဖြစ်သမျှပါဘဲ
ဖြစ်နေကျတယ် ချစ်သူရယ်။
မောင့်ရဲ့အပြော
မောင့်သဘောမှာ
လောကအသုံး
မသုံးချင်ပါ
ရင်မှာပေါက်ဖွား
နှလုံးသားရဲ့
အားနဲ့ငင်ရာ
ခင့်ရူပါကြောင့်
သာယာအတွေး
မေ့ဆေးလိုပါ
ပူတာကင်းပျောက်
ယူကာဖျောက်သလို
ချစ်စိတ်ယိုသည်
ချစ်သူသည်သာ  ငါ့ကမ္ဘာမည်၏။

0 comments:

Post a Comment