Friday, March 23, 2012

သဘာဝ


ချစ်လိုက်တာနော်၊ မပြောသော်လည်း
ချစ်သော်မုချ၊ သိနိုင်စွတည့်။
မုန်းလိုက်တာနော်၊ မပြောသော်လည်း
မုန်းသော်မုချ သိနိုင်စွတည့်။
သို့ပင်သိလည်း
ရီးတိယောင်တောင်၊ ချစ်ဟန်ဆောင်နှင့်
အကြောင်ရိုက်ကာ၊ ပြောခဲ့လာသော်
 ပြန်ကာပြောရ၊ လိုက်သင့်စွတည့်။
ချစ်သည့်မျက်လုံး၊ ၀ှက်ကာဖုံးသော်
အမုန်းမျှပင်၊ မြင်သည့်သွင်ဖြင့်
ချစ်ကြင်မပြ၊ ဆင်ခြင်ရတည့်။ ။

0 comments:

Post a Comment