စီးရိုးကာ၍
များစွာသစ်ပင်၊ မြေအပြင်ဝယ်
ငါလျှင်မျိုးချ၊ ပျိုးခဲ့ရတည့်။
တကုတ်ကုတ်လျှင်
မြက်နုတ် ပေါင်းသင်၊ နောက်ချေးတင်၍
ရေစင်ပက်သွန်း၊ နေ့စဉ်ဖြန်းသည်
ပင်ပန်းသည်လည်း ငါမသိ။
ဤယနေ့သော်
ချမ်းမြေ့ဘွယ်ရာ၊ ဥယျာဉ်သာဝယ်
ဖြာဖြာဆင့်လောင်း၊ ပင်အပေါင်းထက်
ရွှင်ကြောင်းဖန်ပြီ၊ ချုံညိုဆီတည့်
ချပ်ညီဝန်းကော့၊ ပြော့ရရော့နှင့်
ကြော့ကြော့ရှင်းရှင်း၊ ပပ၀င်းလျက်
ရောင်ဆင်းကြွစွာ၊ မြမာလာသည်
ဂန္ဓာရနံ့၊ သင်းထုံပျံ့လျက်
ညှင်းညံ့လေတွင်၊ ဂုဏ်ပွဲဆင်သော်
ငါလျှင်ပီတိ ဖြစ်လှတကား။ ။
0 comments:
Post a Comment