Friday, March 23, 2012
ချစ်သူ
ချစ်ခဲ့ကြသည်
ချစ်ရမဆုံး၊ ချစ်စိတ်ဖုံး၍
ချစ်အုံးမည်ပင်၊ ချစ်ပါချင်ခဲ့
ချစ်ပင်ကိုပျိုး၊ ချစ်ရေမိုးနှင့်
ချစ်တိုးဆင့်ကာ၊ ချစ်ပွင့်ဖြာလျက်
ချစ်လွှာကွေးညက်၊ ချစ်ဆုံးသက်၌
ချစ်လျက်ပင်လျှင်၊ ချစ်မျိုးရှင်ကို
... ချစ်ကြင်ကြဲချ၊ ချစ်ကြွေကျခဲ့
ချစ်စ ချစ်မျိုး၊ ချစ်သစ်ဖြိုး၍
ချစ်မျိုးအသစ်၊ ချစ်၍ဖြစ်သည့်
ချစ်ချစ်ဘ၀ ဆက်တကား။ ။
ချစ်ရမဆုံး၊ ချစ်စိတ်ဖုံး၍
ချစ်အုံးမည်ပင်၊ ချစ်ပါချင်ခဲ့
ချစ်ပင်ကိုပျိုး၊ ချစ်ရေမိုးနှင့်
ချစ်တိုးဆင့်ကာ၊ ချစ်ပွင့်ဖြာလျက်
ချစ်လွှာကွေးညက်၊ ချစ်ဆုံးသက်၌
ချစ်လျက်ပင်လျှင်၊ ချစ်မျိုးရှင်ကို
... ချစ်ကြင်ကြဲချ၊ ချစ်ကြွေကျခဲ့
ချစ်စ ချစ်မျိုး၊ ချစ်သစ်ဖြိုး၍
ချစ်မျိုးအသစ်၊ ချစ်၍ဖြစ်သည့်
ချစ်ချစ်ဘ၀ ဆက်တကား။ ။
သဘာဝ
ချစ်လိုက်တာနော်၊ မပြောသော်လည်း
ချစ်သော်မုချ၊ သိနိုင်စွတည့်။
မုန်းလိုက်တာနော်၊ မပြောသော်လည်း
မုန်းသော်မုချ သိနိုင်စွတည့်။
သို့ပင်သိလည်း
ရီးတိယောင်တောင်၊ ချစ်ဟန်ဆောင်နှင့်
အကြောင်ရိုက်ကာ၊ ပြောခဲ့လာသော်
ချစ်သော်မုချ၊ သိနိုင်စွတည့်။
မုန်းလိုက်တာနော်၊ မပြောသော်လည်း
မုန်းသော်မုချ သိနိုင်စွတည့်။
သို့ပင်သိလည်း
ရီးတိယောင်တောင်၊ ချစ်ဟန်ဆောင်နှင့်
အကြောင်ရိုက်ကာ၊ ပြောခဲ့လာသော်
ပြန်ကာပြောရ၊ လိုက်သင့်စွတည့်။
ချစ်သည့်မျက်လုံး၊ ၀ှက်ကာဖုံးသော်
အမုန်းမျှပင်၊ မြင်သည့်သွင်ဖြင့်
ချစ်ကြင်မပြ၊ ဆင်ခြင်ရတည့်။ ။
ချစ်သည့်မျက်လုံး၊ ၀ှက်ကာဖုံးသော်
အမုန်းမျှပင်၊ မြင်သည့်သွင်ဖြင့်
ချစ်ကြင်မပြ၊ ဆင်ခြင်ရတည့်။ ။
လမ်းခွဲခြင်း ဝမ်းနည်းခြင်း
တွေးလေတိုင်း မျက်ရည်ဝိုင်း
ရင်လှိုင်းထက်က ကြင်သူရေ
သူမကြင်နာ ချန်ထားရက်လို့
ရင်မှာလေ ခံစား..ပေါက်ကွဲရင်း
ဗလောင်ဆူတဲ့ နှလုံးသားတခွင်မှာ
အလွမ်းမိုးတွေ စွေခဲ့ပြီလေ...။
တသက်တာ မထိခိုက်ဖူးတဲ့
ဖြူစင်သော မေတ္တာတွေနဲ့
လွတ်လပ်စွာ နေထိုင်ရင်း
ပန်းတစ်ပွင့်ကို
နမ်းရှိုက်မိခဲ့တယ်..
အခုတော့....
မျှော်လေတိုင်း ဝေး...
တွေးလေတိုင်း ဆွေး...
ဒဏ်ရာတွေ ရင်မှာ ခစားရင်း
ရင်လှိုင်းခတ်သံတွေ
ဒီဇင်ဘာည
ဆောင်းတစ်ညမှာ
ရာသီမဟုတ်တဲ့
မျက်ရည်မိုးစက်တွေ
ငိုချခဲ့ပြီလေ....။
ဆေးဆိုးထားတဲ့ ပန်းတစ်ပွင့်ကို
နမ်းရှိုက်မိတဲ့ အမှားတစ်ခုက
ကုစားမရတဲ့ ရောဂါတစ်ခုဖြစ်ခဲ့
အဆိပ်ရှိပါလျက် သိသိရက်နဲ့
ပြင်မရတဲ့ အနမ်းတစ်ပွင့်က
ခုံမင်တက်မက်ရင်း ခရီးဆက်
မျက်ရည်စက်နဲ့ ပူလောင်ရင်း
နှင်းစက်တွေလည်း ပျောက်ကွယ်ခဲ့ပြီလေ..။
အဖြေသိတဲ့ ပုစ္ဆာက
မျဉ်းပြိုင်နှစ်ခုကြား
စည်းမျဉ်းတွေ ကာရံရင်း
အမှတ်တစ် သင်္ခန်းစာတစ်
ပြီးဆုံးသွားခြင်း အဓိပ္ပာယ်လား...။
စည်းဝိုင်းတွေ ကာရံထား
မတူညီတဲ့ လမ်းနှစ်ခုကြား
ရွေးချယ်ခြင်း ရလာဒ်က
လမ်းခွဲခြင်းတဲ့လား...။
လမ်းခွဲခြင်း ဝမ်းနည်းခြင်း
နံရံတွေခြားလို့ ကာရံတံတိုင်းတွေ
စည်းချက်ချ.....
မညီမျှတဲ့ ဘဝပေတံက
မျဉ်းပြိုင်နှစ်ခုကြား
သင်္ခန်းစာ အသစ်တစ်ခုအတွက်
လမ်းခွဲခြင်း ရလာဒ်တဲ့လား...။
တက္ကသိုလ်မြတ်မင်း
ချစ်သူ
မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။
အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့  စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။ ။
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။
အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့  စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။ ။
Thursday, March 22, 2012
မျိုးချစ်ဇာနည် တို့ စစ်သည်များသို့ 
စစ်သွေးဇာနည်
တို့အောင်လံ လူလူလွှင့်လို့
ရဲရင့်တဲ့ မောင်စစ်သည်
သွားစို့စစ်ချီ။
စစ်သွေးဇာနည်
မာန်ဖီလျက်လေး။
ချစ်ရေးခွာမည်
မြန်ပြည်တွက်လေး။
တပ်ဦး ရွှေစည်ဆော်တော့
တမော်မော် ရဲဘော်များရယ်
သွားစို့မနှေး။
စွန့်တဲ့စစ်သား
ရှေ့စခန်း
တလှမ်းတိုးလို့ချီတက်မယ်။
မျိုးချစ်သူ ဗမာများ
ရဲအားကကြွယ်။
ဇာနည်ရယ် သာကီနွယ့်စိတ်ထား။
တို့များ အောင်လံထူလို့
သည်ဇမ္ဗူ တလူညွန့်ဖို့ရယ်
စွန့်တဲ့စစ်သား။ ။
တလှမ်းတိုးလို့ချီတက်မယ်။
မျိုးချစ်သူ ဗမာများ
ရဲအားကကြွယ်။
ဇာနည်ရယ် သာကီနွယ့်စိတ်ထား။
တို့များ အောင်လံထူလို့
သည်ဇမ္ဗူ တလူညွန့်ဖို့ရယ်
စွန့်တဲ့စစ်သား။ ။
ရဲဘော်
ဝေယံတခွင်
အာကာပြင်ဝယ်
ကြည်ရွှင်လိမ့်လူး
တိမ်ဖြူမြူး၏။
ရဲမာန်ကြွေးကြော်
စစ်မြေပေါ်ဝယ်
ရဲဘော်တဦး
အရွှင်ထူး၏။
ဝေယံတခွင်
အာကာပြင်ဝယ်
ကြည်ရွှင်လိမ့်လူး
တိမ်ဖြူမြူး၏။
ရဲမာန်ကြွေးကြော်
စစ်မြေပေါ်ဝယ်
ရဲဘော်တဦး
အရွှင်ထူး၏။
စစ်နောင်တော်
တိုက်ပွဲဝင်တဲ့ စစ်နောင်တော်။
တပ်ဦးမှာ ရဲဘော်စစ်တာမို့
“ကြောက်ဖူးကွယ်” မြွက်ဖေါ်လှစ်ပါတဲ့
မျိုးချစ်နောင်တော်။
“ပြည်အတွက်ကိုဖြင့်
အသက်နဲ့ ဖလှယ်သော်
နောင်တော်က မြတ်သေး”တဲ့။
“ရှေ့ဆက်ကာလေ
တိုက်ဖျက်ပါ နောင်အဆွေ”လို့
ကဗျာတွေ စာခွေဆက်ပါပေါ့
အားတက်ကာ ဇာနည်သွေးရယ်နဲ့
လွတ်ရေးကို အပိုင်စိုးဖို့ရယ်
(နောင်ကြီးရေ) ကြိုးပါ့မနှေး။ ။
တပ်ဦးမှာ ရဲဘော်စစ်တာမို့
“ကြောက်ဖူးကွယ်” မြွက်ဖေါ်လှစ်ပါတဲ့
မျိုးချစ်နောင်တော်။
“ပြည်အတွက်ကိုဖြင့်
အသက်နဲ့ ဖလှယ်သော်
နောင်တော်က မြတ်သေး”တဲ့။
“ရှေ့ဆက်ကာလေ
တိုက်ဖျက်ပါ နောင်အဆွေ”လို့
ကဗျာတွေ စာခွေဆက်ပါပေါ့
အားတက်ကာ ဇာနည်သွေးရယ်နဲ့
လွတ်ရေးကို အပိုင်စိုးဖို့ရယ်
(နောင်ကြီးရေ) ကြိုးပါ့မနှေး။ ။
သက်ဆက်လို့ထမ်း
တိုက်ပြီတဲ့ တိုက်ပြီ။
ဝေဟင်မှာ သေနင်ကျင်းတယ်
နင်းဖျက်ခဲ့ပြီ။
ကြည်းကြောင်းက တခါချီ
ရေဆီက တလမ်း။
တိုက်တိုင်း ရွှင်ပျော်ပျော်နဲ့
ခိုက်တိုင်း ရွှင်ပျော်ပျော်နဲ့
နိုင်ငံတော် သည်အတွက်ရယ်
သက်ဆက်လို့ထမ်း။ ။
ဝေဟင်မှာ သေနင်ကျင်းတယ်
နင်းဖျက်ခဲ့ပြီ။
ကြည်းကြောင်းက တခါချီ
ရေဆီက တလမ်း။
တိုက်တိုင်း ရွှင်ပျော်ပျော်နဲ့
ခိုက်တိုင်း ရွှင်ပျော်ပျော်နဲ့
နိုင်ငံတော် သည်အတွက်ရယ်
သက်ဆက်လို့ထမ်း။ ။
စစ်ချီသူသို့
ရှေ့စခန်း
တလှမ်းတိုးလို့ ချီတက်ပြီ။
တို့မြန်မာ ပြည်အကျိုး
တိုးရွက်တော့မည်။
စစ်မြေဆီ
ချီပြီပေါ့ တအား။
မြန်မကြာ ပြန်လာရေးကို
စိန္တေမှာ ညီမထွေးငယ်
အေးဆုညွတ်တွား။ ။
တလှမ်းတိုးလို့ ချီတက်ပြီ။
တို့မြန်မာ ပြည်အကျိုး
တိုးရွက်တော့မည်။
စစ်မြေဆီ
ချီပြီပေါ့ တအား။
မြန်မကြာ ပြန်လာရေးကို
စိန္တေမှာ ညီမထွေးငယ်
အေးဆုညွတ်တွား။ ။
သွေးနှင့်ချွေး
ခေတ်မြန်မာ ကမ္ဘာတရိုးမှာလ
သစ်ပြန်ကာ သမ္ဘာတိုးစေဘို့
ကြိုးကြစို့ ညီညီညာ။
အသက်သွေးတွေနဲ့
လွတ်ရေးကို တကယ်လဲမည်မို့
ချစ်ရဲဘော် ဗမာတစုရယ်
အားပြုကြပါ။
ရောင်ရှိန်ဝါ ဘယ်မမှေးကာပ
နောင်ချိန်ခါ တကယ်အေးစေဘို့
သည်ချွေး သည်အရာနဲ့
သည်ဗမာ ဇာနည်မျိုးရယ်က
ကြိုးပေမှ သည်မြေချာဝယ်
တေဇာဖြင့် ရှည်ကြာမြဲ။
ပေါင်းမြန်မာ
ဒေါင်းလံဝါ မြန်စွာထူလို့
သည်ဇမ္ဗူ ညီတူရေးကိုလ
သည်သွေး နီတျာတျာနဲ့
စီဖြာဖြာ အဆီချွေးဟာဖြင့်
ပြည်မြန်မာ ကြည်ကြည်အေးရအောင်
ဖေးကြမှဘဲ။ ။
ခေတ်မြန်မာ ကမ္ဘာတရိုးမှာလ
သစ်ပြန်ကာ သမ္ဘာတိုးစေဘို့
ကြိုးကြစို့ ညီညီညာ။
အသက်သွေးတွေနဲ့
လွတ်ရေးကို တကယ်လဲမည်မို့
ချစ်ရဲဘော် ဗမာတစုရယ်
အားပြုကြပါ။
ရောင်ရှိန်ဝါ ဘယ်မမှေးကာပ
နောင်ချိန်ခါ တကယ်အေးစေဘို့
သည်ချွေး သည်အရာနဲ့
သည်ဗမာ ဇာနည်မျိုးရယ်က
ကြိုးပေမှ သည်မြေချာဝယ်
တေဇာဖြင့် ရှည်ကြာမြဲ။
ပေါင်းမြန်မာ
ဒေါင်းလံဝါ မြန်စွာထူလို့
သည်ဇမ္ဗူ ညီတူရေးကိုလ
သည်သွေး နီတျာတျာနဲ့
စီဖြာဖြာ အဆီချွေးဟာဖြင့်
ပြည်မြန်မာ ကြည်ကြည်အေးရအောင်
ဖေးကြမှဘဲ။ ။
ခေတ်သစ်ဗမာ
သေနတ်ဓားလွယ်၊ ကိုယ်စီသယ်လျက်
စစ်နယ်အနှံ့၊ ခြေကုန်ဆန့်သည်
ယမ်းနံ့ကလူ မြှူဆဲကို။
စစ်စခန်းတွင်၊ ဇာနည်ရှင်လည်း
သက်ပင်ခန္ဓာ၊ ဆုံးစေကာမူ
ကြည်သာရွှင်ပျ၊ မကြောင့်ကြသည်
ချမ်းမြကြည်ဖြူ လှူဆဲကို။ ။
တိုက်ပွဲရပ်နား၊ အောင်မြင်သွားက
စိတ်ထားမကွာ၊ ညီတညာဖြင့်
ဗမာအပေါင်း၊ သွေးသစ်လောင်းခဲ့
ရှေးဟောင်းစနစ်၊ တွန်းလှန်ပစ်သည်
ခေတ်သစ်ဗမာ ထူဆဲကို။ ။
စစ်နယ်အနှံ့၊ ခြေကုန်ဆန့်သည်
ယမ်းနံ့ကလူ မြှူဆဲကို။
စစ်စခန်းတွင်၊ ဇာနည်ရှင်လည်း
သက်ပင်ခန္ဓာ၊ ဆုံးစေကာမူ
ကြည်သာရွှင်ပျ၊ မကြောင့်ကြသည်
ချမ်းမြကြည်ဖြူ လှူဆဲကို။ ။
တိုက်ပွဲရပ်နား၊ အောင်မြင်သွားက
စိတ်ထားမကွာ၊ ညီတညာဖြင့်
ဗမာအပေါင်း၊ သွေးသစ်လောင်းခဲ့
ရှေးဟောင်းစနစ်၊ တွန်းလှန်ပစ်သည်
ခေတ်သစ်ဗမာ ထူဆဲကို။ ။
မြတ်ပညာ
အပျင်းမကြီး၊ လုံ့ လ သည်း၊ ရှာမှီးသင့် တာ မြတ်ပညာ။
ကမ္ဘာလွှမ်းမိုး၊ ကျော်ဟိုးဟိုး၊ တန်ခိုးကြီးတာ မြတ်ပညာ။
အစားကောင်းကောင်း၊ အ၀တ်ကောင်း၊ မိတ်ကောင်းရတာ မြတ်ပညာ။
ရင်သပ်ရှုမော၊ အံ့ချီးသြ၊ ပြောမကုန်တာ မြတ်ပညာ။
နံသာမတင်၊ ပန်းမဆင်၊ ယဉ်ယဉ်လှတာ မြတ်ပညာ။
သူနိုင် ကိုယ်နိုင်၊ နှစ်ဖက်ပြိုင်၊ အနိုင်ရတာ မြတ်ပညာ။
အနီး အဝေး၊ ကြေညာကြွေး၊ သတင်းမွှေးတာ မြတ်ပညာ။
လူသုံးပစ္စည်း၊ ရှုမငြီး၊ ဖန်းတီးနိုင်တာ မြတ်ပညာ။
ကမ္ဘာတစ်ခွင်၊ ပြဲပြဲစင်၊ အထင်ကြီးတာ မြတ်ပညာ။
နောင်ခါအစဉ်၊ မော်ကွန်းတင်၊ ဥဒါန်းတွင်တာ မြတ်ပညာ။
လူတွင်အထူး၊ ကဲလွန်ကြူး၊ ကြီးမှူုးနိုင်တာ မြတ်ပညာ။
တိုင်းရေးပြည်ရေး၊ နိုင်ငံရေး၊ ငြိမ်းအေးစေတာ မြတ်ပညာ။
ကုန်းချောဖျင်းသိမ်၊ ပြောညာလိမ်၊ ချင့်ချိန်နိုင်တာ မြတ်ပညာ။
အကျိုးရှိ၏၊ မရှိ၏၊ မြင်သိနိုင်တာ မြတ်ပညာ။
မသင့် တော်၏၊ သင့် တော်၏၊ မြင်သိနိုင်တာ မြတ်ပညာ။
မမှန်ကန်၏၊ မှန်ကန်၏၊ မြင်သိနိုင်တာ မြတ်ပညာ။
မဟုတ်လောက်၏၊ ဟုတ်လောက်၏၊ မြင်သိနိုင်တာ မြတ်ပညာ။
မသမာမျိုး၊ လူသူခိုး၊ မခိုးနိုင်တာ မြတ်ပညာ။
ရပ်တိုင်း ရွာတိုင်း၊ နိုင်ငံတိုင်း၊ မြင်တိုင်းချစ်တာ မြတ်ပညာ။
ဝါဒရှေးရိုး၊ အယူဆိုး၊ ပယ်ချိုးဝံ့ တာ မြတ်ပညာ။
အသစ်တဖန်၊ အယူမှန်၊ လက်ခံနိုင်တာ မြတ်ပညာ။
ဒုက္ခကင်းပြတ်၊ နိဗ္ဗူရပ်၊ ကူးခတ်နိုင်တာ မြတ်ပညာ။
မြတ်ဆရာသို့ 
စစ်မှန်သော.............စေတ နာ
စစ်မှန်သော..............မေ တ္တာ
စစ်မှန်သော..............၀ါ သနာ
စစ်မှန်သော...............စိတ်ဓါတ်
ပေါင်းစည်းညီညာ............
နာသုံးနာနှင့် ၊ ရင်မှာအ၇င်းခံ
စေတနာမှန်စွာ ၊ကြိုးကြောင်းညွှန်ပြ
သင်ကြားပေးကြ၊ဆရာဆရာမ
ထိုမြတ်ပညာ ၊လေးစားကြည်ညို
ရင်မှာမုဒိ ၊ပွားများမိတာ
မြတ်ဆရာ.............။
လွမ်းရဲတယ်
သူမေ့ပြီလား---
လူတွေ့ရန်မဆိုထားနဲ့
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ............
သြော်----------မုန်းရက်ပြီလို့ထင်။
ကြားယောင်ကာ
နားထောင်ရတော့မလားရယ်နဲ့
သူ့စကား မုသားတောင်ယုံချင်တတ်သူမို့
(သူပြောလျှင်) ........
ပုံပြင်ပင် တကယ်မှတ်ပြန်တော့
မလည်ပတ်သူလို သူငြိုငြင်။
မလွမ်းတတ်လို့လား
လွမ်းတတ်သူ မပူရှိနိုင်ပါ့
သူသိအောင်ဘယ်လိုပြောရမလဲ
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ပေမယ့်
ခင်မို့လို့ သူစိမ်းပြင်ပြင်
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက်
ခင်ခင်စိမ်းပေမယ့်
ရင်ငြိမ်းအောင် အပူမသတ်နိုင်လို့
အပူဇာတ်ကို အခန်းဆက်နေတဲ့
ပန်းသက်သေ ဝေဒနာပွင့်တွေက
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့
ခင်ခင့်လို ဘယ်သူခွဲနိုင်မလဲ
ပူရဲတယ် သည်ရင်ကျွမ်းအောင်
လွမ်းတော့ဆယ်သက်
လူတွေ့ရန်မဆိုထားနဲ့
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ............
သြော်----------မုန်းရက်ပြီလို့ထင်။
ကြားယောင်ကာ
နားထောင်ရတော့မလားရယ်နဲ့
သူ့စကား မုသားတောင်ယုံချင်တတ်သူမို့
(သူပြောလျှင်) ........
ပုံပြင်ပင် တကယ်မှတ်ပြန်တော့
မလည်ပတ်သူလို သူငြိုငြင်။
မလွမ်းတတ်လို့လား
လွမ်းတတ်သူ မပူရှိနိုင်ပါ့
သူသိအောင်ဘယ်လိုပြောရမလဲ
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ပေမယ့်
ခင်မို့လို့ သူစိမ်းပြင်ပြင်
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက်
ခင်ခင်စိမ်းပေမယ့်
ရင်ငြိမ်းအောင် အပူမသတ်နိုင်လို့
အပူဇာတ်ကို အခန်းဆက်နေတဲ့
ပန်းသက်သေ ဝေဒနာပွင့်တွေက
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့
ခင်ခင့်လို ဘယ်သူခွဲနိုင်မလဲ
ပူရဲတယ် သည်ရင်ကျွမ်းအောင်
လွမ်းတော့ဆယ်သက်
မာနမဲ့စွာ
ပြက်ရယ်မှုကိုခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။
အနိုင်ကျင့်မှုကိုခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကြဉ်းရက်ပါလေ။
တန်ဖိုးမထားမှုကိုခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမှမငြိုငြင်ရက်ပါလေ။
စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာပူပန်ရသော်လည်း
မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ။
စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။
မောင်စိန်ဝင်း(ပုတီးကုန်း)
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။
အနိုင်ကျင့်မှုကိုခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကြဉ်းရက်ပါလေ။
တန်ဖိုးမထားမှုကိုခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမှမငြိုငြင်ရက်ပါလေ။
စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာပူပန်ရသော်လည်း
မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ။
စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။
မောင်စိန်ဝင်း(ပုတီးကုန်း)
Wednesday, March 21, 2012
မသိကဗျာ
ဖွဲ့နွဲ့ရေးစီ၊ ကဗျာသီ
မေ့ဆီ ပေးလိုက်ရာ။
သံချိုစပ်လား၊ တေးထပ်လား
မေကားမသိပါ။
ဖတ်ကြည့်ပြန်လျှင်၊ သူ့စာယဉ်
မေ့တွင် မရှင်းပါ။
ချစ်ပါကြောင်းလား၊ မုန်းကြောင်းလား
မေကား မသိပါ။ ။
နွေဦးရတနာ
နွေတန်ခူးဆိုလျှင်
ရွှေလူးသည့် ပွင့်ညှာတံမှာ
စိမ်းမြလျှံ ရွက်သစ်ဖုံးပါလို့
မြိုင်လုံး ကြိုင်ကြိုင်သင်းတာက
ဝင်းလဲ့လဲ့ ပိတောက်ဝါ။
…….ဪ-ရှုရာမျှော်တိုင်း၊
ရွှေရောင်လှိုင်းမှာ၊ မြမှိုင်းလို့ဆင့်
လေရူးအချီ ပွေပလီ
မြေဆီသို့လွင့်ကြတော့……….
ရွှေပွင့်ရွှေဆင့်၊ ရွှေရွှေရောင်ဝင့်လှချည့်
လျှမ်းတင့်ပုံထူးပါတဲ့ နွေဦးရဲ့ ရတနာငယ်။
မချွေဘူးဆိုလျှင်
ကြွေဦးမည့် ပုံသဏ္ဍာလို
ဖွေးစိုစို မွှေးချိုသင်းပါဘိ
ခိုင်ချင်း ဝေေ၀ညွတ်တာက
နုထွတ်ထွတ် ဖြူစပယ်။
……….. အို မြိုင်လယ်အဆုံး
တတောင်လုံးမှာ သူဖုံးလို့ပေါ့
ဆောင်းလဟေမန် နှင်းငွေလျှံ
လေပြန်နှင့် ဆော့ကြသလို
မူနော့ ဖြူဖျော့၊ ငွေ-ငွေရောင် ကြော့လှချည့်
မော့မော့ကလေး ဖူးပါတဲ့ နွေဦးရဲ့ ရတနာငယ်။ ။
Tuesday, March 20, 2012
ငရဲဟူသည် အဘယ်နည်း
ငရဲအကြောင်းရေးရမည် ဆိုလျှင် ဗုဒ္ဓဘာသာဝင်တို့ အထူးပင်စိတ်ဝင်စားချေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ငရဲဆိုလျှင် လူဆယ်ဦး အတွေးဆယ်ခု အမြင်ဖြင့် သုံးသပ်နေကြခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ သုံးသပ်ခြင်းမှာ လည်း ဗုဒ္ဓဘာသာဝင်တို့အမှားမဟုတ်။ ငရဲဟူသည်ကား မည်သို့မည်ပုံဖြစ်သည်ဟု လေ့လာသူ နှင့် ပြန်လည်ဟောကြားသူ နည်းပါးနေခြင်းကြောင့်လည်းဖြစ်သည်။
ငယ်စဉ်ကတည်းက ငရဲဆိုတာဘာလဲ။ ဆီပူဒယ်အိုးထဲမှာ ထည့်မွေတာလား ဟု လူကြီးများကို မေးလေ့မေးထ ရှိခဲ့သည်။ ဗုဒ္ဓဘာသာစာပေကျမ်းဂမ်များကို လေ့လာလို...က်စားပြီးနောက် ငရဲဆိုသည်မှာ ဤသို့ဤပုံရှိသည်ဟု သိရှိရသည်။
စာဖတ်သူ ဓမ္မမိတ်ဆွေသည်လည်း ငရဲကိုယုံပါသလော။ ဗုဒ္ဓဘာသာဝင်တို့ ငရဲကို မည်သို့ သတ်မှတ်ပါလေသ လော။
ဗုဒ္ဓဘာသာဝင်တို့ ၃၁ ဘုံရှိသည်ကို သိရှိပြီးဖြစ်သည်။ (အသေးစိတ်သိသူများလည်း ရှိလျှင်ရှိချေမည်) ထို ၃၁ ဘုံ အကျဉ်းချုပ်ဖော်ပြရသော် ငရဲ၊ တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ်၊ လူ့ဘုံ၊ နတ်ပြည် ခြောက်ထပ်၊ ဗြဟ္မာပြည် အထပ် ၂၀ ဟု စုစုပေါင်း ၃၁ ဘုံရှိချေသည်။ ဤသည်မှာ စာရေးသူ အပြောမဟုတ် ဗုဒ္ဓ၏ အဆုံးအမများဖြစ်ချေ သည်။ ဗုဒ္ဓအဆုံးအမဟုဆိုရာတွင် ထိုဘုံများကို ဗုဒ္ဓမြတ်စွာဘုရားဖန်ဆင်းလေသလားဟူ၍ လည်း အထင်မှားသူများလည်း ရှိကောင်းရှိချေလိမ့်မည်။ လားလားမှ မသက်ဆိုင်ပါ။ စင်္ကြဝဌာ ဖြစ်တည်သည်မှ စ၍ အနန္တလောကကြီး ကနဦးကတည်းက ၃၁ ဘုံရှိလာခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင်ကိုယ်တိုင် ဤ ၃၁ ဘုံတွင် ကျင်လည်ခဲ့ရသေးသည်။
မြတ်စွာဘုရား ရှင်ကိုယ်တော်တိုင် ဘုရားမဖြစ်မှီ အရင့်အရင် ဘဝများက ငရဲဘုံတွင် ဝဋ်ကြွေးခံခဲ့ရသည်။ ထို့ကြောင့် ဘုရားလောင်း တေမိမင်းသား ဘဝသို့ရောက်သောအခါ ဆွံ့အသူ ပမာ စကားတစ်ခွန်းမှ မပြောခဲ့ချေ။ မုသား၏ အကုသိုလ်ကံမည်မျှကြီးလေသည်ကို သိရှိပြီး တုန်လှုပ်ခြောက်ခြားခဲ့သည်။ ယခင် ငရဲဘုံဘဝက အာခေါင်ခံတွင်းသို့ သံရည်ပူများလောင်းချ ခံရသည့် ငရဲဘုံတွင် ဝဋ်ကြွေးပေးဆပ်ခဲ့ရခြင်းကြောင့် ယင်းအလေ့အထုံကို အမှတ်သညာဖြစ်ကာ စကားမပြောပဲနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင် ငရဲကျခံရသည်ကို စာဖတ်သူတို့ ဘုရားလောင်းဇာတ်တော်အရ သိရှိပြီဖြစ်သည်။ ထို့ကြောင့် ငရဲဘုံမှာ မြတ်စွာဘုရား ဟောကြားခဲ့သည့် ဆိုသော်ငြားလည်း ဘုရားမပွင့်မှီ ပဝေသနီကတည်းက တည်ရှိနေသာ ဘုံတစ်ခုဖြစ်ကြောင်း ထောက်ပြနိုင်ချေသည်။
ငရဲကြီး ရှစ်ထပ်ရှိချေသည်။ ၄င်းတို့မှာ- သဉ္ဇိုင်းငရဲ၊ ကာဠသုတ်ငရဲ၊ သံဃာသ ငရဲ၊ ရောရုဝ ငရဲ၊ မဟာရောရုဝ ငရဲ၊ တာပန ငရဲ၊ မဟာတာပန ငရဲ၊ အဝီစိငရဲ ဟူ၍ ဖြစ်ပြီး ငရဲနှစ်မှာ ၅၀၀၊ ၁၀၀၀၊ ၂၀၀၀၊ ၄၀၀၀၊ ၈၀၀၀၊ ၁၆၀၀၀၊ အန္တရကပ် တစ်ဝက်၊ ၁ အန္တရကပ် ဟု နှစ်အသီးသီး ကြာမြင့်ကြသည်။ ငရဲတွင် တစ်ရက်သည် လူတို့နှစ် ကိုးသန်းနှင့် ညီမျှချေသည်။ ထို့ကြောင့် လူတို့သက်တမ်းနှင့် ပြန်လည်မြောက်ကြည့်လျှင် အင်မတန် ရှည်လျားသည်ကို တွေ့ရသည်။ ငရဲဘုံတို့၏ အကျဉ်းချုပ်ကိုသာဖော်ပြမည်။
သဉ္ဇိုင်းငရဲ မှာ အကုသိုလ်ကံမကုန်မချင်း သံတင်းပုတ်ဖြင့် ထုကာညင်းဆဲသတ်ဖြတ်သော ငရဲ
ကာဠသုတ်ငရဲ မှာ အကုသိုလ်ကံမကုန်မချင်း ခုတ်ရွေ ညှင်းဆဲ သတ်ဖြတ်သော ငရဲ
သံဃာသ ငရဲ မှာ အမုန့်ညက်ညက်ကြေမွအောင် သံတောင်ကြီးဖြင့် ကြိတ်ချေသော ငရဲ
ရောရုဝ ငရဲ မှာ အလွန်ငံယား၊ စပ်ခါး၊ ခြစ်တူး ပူလောင်သော အခိုးအငွေ့တို့ဖြင့် နှိပ်စက်သော ငရဲ
မဟာရောရုဝငရဲ မှာ ထိုအခိုးအငွေ့အပြင် မီးတောက်မီးလျှံများဖြင့်ပါ တောက်လေင်စေသေ ငရဲ
တာပနငရဲ မှာ စအိုမှ ဦးခေါင်းထိ မီးကင် သံတံကျင်ဖြင့် နှိပ်စက်ညှဉ်းပန်းသောငရဲ
မဟာတာပန ငရဲ သံပူတောင်များ၊ သံဆူးပင်ကြီးများပေါ် ပြေးတက်စေပြီး လိုက်လံနှိပ်စက်သော ငရဲ
မဟာအဝီစိ ငရဲ ငရဲ သံသေတ္တာကြီးတွင် အလွန်ပူလောင်အရှိန်ပြင်းထန်သော မီးတောက်တို့ဖြင့် ကွက်လပ်မရှိ နှိပ်စက်သောငရဲ
ငရဲဘုံတစ်ထပ်နှင့်တစ်ထပ် လူ့ဘုံမှ စ ၍ ယူနာပေါင်း ၁၅၀၀၀ စီကွာခြားသည်။ ထို့ပြင် ငရဲကြီးတစ်ထပ်တစ်ထပ်တွင် အရပ်လေးမျက်နှာ၌ ငရဲငယ် ၅ခုစီ ဝန်းရံထားသေးသည်။ ၄င်းတို့ကို ဆက်ရှင်နေလျှင် စာရှည်နေလိမ့်မည်။
အဆိုးဆုံးငရဲမှာ အဝီဇီငရဲဖြစ်ပြီး သဉ္ဇိုင်းငရဲမှာ အခြား ငရဲတို့နှင့် နှိုင်းစာလျှင် ခံရသည့် နှစ်နှင့် ဝေဒနာသေးငယ်နေချေသေးသည်။
တစ်ထပ်နှင့် တစ်ထပ်အာနိသင်မတူ။ ဥပမာ- ဂရုကံ (အမိသတ်၊ အဖသတ်၊ သံဃာဂိုဏ်းခွဲ စသည်ဖြင့် ကံကြီးထိုက်ငါးပါး) က မဟာအဝီဇိသို့ ကြိမ်းသေရောက်ရသည်။
ငရဲ၏ ဆိုးပုံကို စာဖွဲ့လျှင် အင်မတန်ကိုများပြားလှပေသည်။ ကြောက်မက်ဖွယ်လည်း ကောင်းပေသည်။
ထို့ကဲ့သို့လွန်ကဲမှုများကြောင့် ငရဲကို ယုံကြည်သူပင် နည်းလာခဲ့သည်။ အဲလောက်တောင် များတာလား မဖြစ်နိုင်ဘူး ဟု သုံးသပ်သူများပင် ရှိလာစေသည်။
ငရဲသည် ဘုံတစ်ခုဖြစ်ပြီး မကောင်းမှုဒုစရိုက်ပြုသူများအတွက် လားရာဘုံဘဝတစ်ခု ဖြစ်ချေသည်။
ဤတွင် ထောက်စရာအချက်တစ်ခုရှိချေသည်။ လူသားအားလုံး အမှားနှင့်မကင်းချေ။ အားလုံးအမှားကိုယ်စီရှိကြချေသည်။ ထို့ကြောင့်လူတိုင်း ငရဲရောက်သလောဟု မေးစရာရှိလာသည်။ မရောက်ပါ။ ၃၁ ဘုံတွင် ဘုံတစ်ခုခုသို့ရောက်ရချေသည်။ အကုသိုလ်ကို အများအားဖြင့် ပြုလုပ်တတ်သူသည် (အများအားဖြင့်) ငရဲဘုံနှင့် အခြား ဒုက္ခတိဘုံဖြစ်သည့် တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ်ဘုံဘဝသို့ရောက်ကြရ သည်။
မကောင်းမှုအများဖြင့်လုပ်သော်လည်း ကောင်းသောလူ့ဘုံ၊ နတ်ဘုံရသည်များလည်း ရှိပါသည်။ အဘယ်ကြောင့်နည်း။
မှန်ပါသည်။ မိမိ မည်သည့် ဘုံဘဝသို့ရောက်မည်ဆိုခြင်းမှာ မိမိကိုယ်တိုင်သာဖန်တီးသည်။ မည်သည့်တန်ခိုးရှင်၊ ဖန်ဆင်းရှင်တို့ကမှ သင်ထိုဘုံသို့သွားလော့ဟု ခိုင်းစေမရချေ။ ကိုယ်သွားမည်ဘုံ ကိုယ်တိုင်သာ ဖန်တီးသည်။
ငရဲတစ်ခုတည်းနှင့် မပြောလိုတော့ ဒုက္ခတိဘုံအားလုံးနှင့် ခြုံပြောမည်။
မိမိ ဒုက္ခတိဘုံသို့ရောက်နိုင် မရောက်နိုင်မှာ သေခါနီး (စုတိခါနီး) မိမိထားသော စိတ်အပေါ်တွင်သာ မူတည်ပါသည်။ အများအားဖြင့် အကုသိုလ်အလုပ်များသူသည် စုတိခါနီးတွင် အကုသိုလ်ကံများသာ ထင်လာပြီး ဧကန် ဒုက္ခတိဘုံများသို့ရောက်ရသည်။ ဥပမာ-တိရစ္ဆာန်၊ အသူရကာယ်၊ ငရဲ စသည်ဖြင့်။
သို့သော် အကုသိုလ်အလုပ်များသော်ငြား လည်း သေခါနီး (စုတိခါနီး)တွင် ပြုဖူးသည့် ကုသိုလ်ကံတစ်ခုထင်ခြင်းကြောင့်လည်း သုခတိဘုံများသို့ ရောက်ရချေသည်။ ဥပမာ-လူ့ဘုံ၊နတ်ဘုံ စသည်ဖြင့်။ (ဤသို့ သေခါနီးဖြစ်ပေါ်သော စိတ် (ဇောစိတ်)များကို စာဖတ်သူများမှ သိလိုလျှင် ဆောင်းပါးသက်သက်ရေး ပါမည်။)
ဘဝတစ်ပါးမှသေလွန်ပြီး အခြားဘဝတွင် ဖြစ်ရခြင်း ပဋိသန္ဓေမှာ တစ်ပြိုင်နက်တည်းဖြစ်သည်။ ကြားတွင် နေသည်ဟုမရှိ။ ထို့ကြောင့် အသုဘ ရက်လည် နှင့် ပန်းခြောက်ယူပြန် တရားနာ ခြင်းတို့မှာ မှားယွင်းသော အယူအဆဖြစ်ချေသည်။ ထို့ပြင် ကူးတို့ခပေးခြင်းတို့လည်း မှားယွင်းချေသည်။
ယခု ငရဲ ရှင်းမပြီးသေးချေ။ စာဖတ်သူတို့တွင် ငရဲကို မယုံသူတို့ရှိနေချေအုံးမည်။ လူတို့သည် အကုသိုလ်နှင့် ကုသိုလ် မည်သည်တို့က အဖြစ်များသနည်း။ စာဖတ်သူတို့ ဝေးဝေးမကြည့်လေနှင့်။ မိမိကိုယ်ကိုယ်သာ သုံးသပ်ချေ။ အကုသိုလ်ပိုများနေမည်မှာ အမှန်ပင်ဖြစ်သည်။ ငရဲများအင်မတန်ပင် များပြားလှသည်။ ဒုက္ခများ အင်မတန် ထူပြောလှသည်ဟုပင် မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သော်လည်း ငရဲမကြောက်။ အပါယ်မကြောက် အကုသိုလ် ဒုစရိုက်များ ပြုနေကြသည်။ ငရဲကိုသာ မဖော်ထုတ် မဟောကြားပဲထားထားလျှင် လောကကြီး မည်မျှပင် အကုသိုလ်များနှင့် ပြည့်နှပ်နေမည်နည်း။ စာဖတ်သူတို့ တွေးကြည့်လော့။
ယခုခေတ် သိပ္ပံပညာရှင်တို့ ကမ္ဘာမြေကြီး အောက် ယူဇနာပေါင်း ၁၅၀၀၀ မက ရှာဖွေစစ်ဆေးပြီးဖြစ်သည်။ ချော်ရည်ပူများသာရှိသည်။ ထိုအချက်ကို ကြည့်ပြီး ငရဲမရှိချေဟု စာဖတ်သူတို့ ငြင်းပေအုံးမည်။ ငရဲဘုံဟူသည် ထိုဘုံဘဝတွင် ကျခံရမည့် သူများသာ သိနိုင်ရိုးသော နေရာတစ်ခုဖြစ်ရကား အကောင်အထည် ဒြပ်မပြနိုင်ချေ။ နတ်ဘုံများလည်း ထိုနည်းတူစွာပင်။
ထောက်ပြစရာအချက်ကျန်သေးသည်။ ယခုခေတ် သိပ္ပံပညာရှင်တို့ ကမ္ဘာမြေကြီး အောက် ယူဇနာပေါင်း ၁၅၀၀၀ မက ရှာဖွေစစ်ဆေးပြီးဖြစ်သည်။ ချော်ရည်ပူများသာရှိသည်။ ထိုအချက်ကို ကြည့်ပြီး ငရဲမရှိချေဟု စာဖတ်သူတို့ ငြင်းပေအုံးမည်။ ငရဲဘုံဟူသည် ထိုဘုံဘဝတွင် ကျခံရမည့် သူများသာ သိနိုင်ရိုးသော နေရာတစ်ခုဖြစ်ရကား အကောင်အထည် ဒြပ်မပြနိုင်ချေ။ နတ်ဘုံများလည်း ထိုနည်းတူစွာပင်။ လက်ဆုပ်လက်ကိုင်မပြနိုင်ပေ။
မြင်မှယုံမည် မြင်မှယုံမြင်ဆိုသောသူတို့ အကုသိုလ်ကုသိုလ် မည်သည်မှားသည်မှန်သည်ကို ဗုဒ္ဓအဆုံးအမကို လေ့လာထား၍ သိရှိပြီး ဖြစ်သည်။ သို့သော် မြင်နိုင်ကြလော။ အာရုံ၏အမှန်ကိုမြင်နိုင်ကြလော။ မှားမှန်းသိသော်လည်း ယင်းအမှားကို ကျူးလွန်နေကြသေးသည်။ ဒုစရိုက်မကောင်းဟု သိပေသော်ငြားလည်း အာရုံ၏ သဘောအမှန်ကို မမြင်နိုင်ကာ ဆက်လက်မှားနေကြသည်။ အနီးစပ်ဆုံး မိမိရုပ်၊ နာမ်တွင်ဖြစ်တည်သော အာရုံ၏ အမှန်ကိုပင် မမြင်နိုင်၊ ယူဇနာ ထောင်သောင်းမက ဝေးသော ငရဲကို မြင်နိုင်ရန် ဝေးလှချေသေး၏။
အာရုံ၏ သဘောအမှန်ကို မြင်လျှင် မည်သည်မှာ ငရဲ၊ မည်သည်မှ နတ်ဘုံ၊ ဗြဟ္မာဘုံဟု တပ်အပ်မြင်ချေ လိမ့်မည်။
နောက်တစ်ချက် စာဖတ်သူတို့ သဘာဝလောကကိုလေ့လာချေ။ ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော တိရစ္ဆာန်၊ အင်းစက်ပိုးမွားများ မည်မျှ ရှိချေသနည်း။ သိပ္ပံပညာရှင်တို့၏လေ့လာချက်အရ လူသားအရေအတွက်မှာ တစ်ကမ္ဘာလုံးပေါင်းမှ သန်း ၇ထောင် ကျော်ရုံမျှသာ ရှိသေးသည်။ ထို့ကြောင့် မမြင်နိုင်သော အခြား သက်ရှိတို့ မည်သည့် ဘုံဘဝတွင် ဖြစ်တည်နေသည်ကို စဉ်းစားတွေးကြည့်လေ။
မြတ်စွာဘုရားရှင်ဟောကြားခဲ့သည်တစ်ခုရှိသည်။ ၄င်းမှာ သမုဒ္ဒရာမှ အပ်တစ်စင်းနှင့် ကောင်းကင်မှ အပ်တစ်စင်း ထိပ်ခြင်းထိရန်ခဲယင်းသည်။ ယင်းခဲယင်းမှုထက် လူတစ်ဦး ဖြစ်လာရန်မှာ အင်မတန်ခဲယင်းသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ ၄င်းကို မသိရှိသူတို့က လူတို့၏ တန်ဖိုးကိုနားမလည်ပဲ မိုက်မဲနေကြသေးသည်။ လူပြန်ဖြစ်ရန် အင်မတန်ခဲယဉ်းချေသည်။ အခြား ငရဲဘုံတို့တွင် ပဋိသန္ဓေရန် အင်မတန်လွယ်ကူသည်။ ထို့ကြောင့် မိမိရရှိပိုင်ဆိုင်ထားသော ဘဝတွင် ကောင်းမှုများကိုသာပြုလုပ်ပြီး တရားပွားများကြင့်ကျံကာ သံသရာလောကမှ လွတ်မြောက်စေရန် လမ်းညွန်ဟောကြားခဲ့ချေသည်။
စာဖတ်သူတို့ ငရဲ စသည် ဆင်းရဲခြင်း ဘုံဘဝတို့ကို အမှန်မြင် သိရှိကာ သံသရာမှ လွတ်မြောက်အောင် လေ့လာကျင့်ကြံအားထုတ်နိုင်ကြပါစေ။
အချစ်ဦး
တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါ၀ါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။
မောင်စိန်ဝင်း(ပုတီးကုန်း)
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါ၀ါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။
မောင်စိန်ဝင်း(ပုတီးကုန်း)
ဥယျာဉ်မှူး
စီးရိုးကာ၍
များစွာသစ်ပင်၊ မြေအပြင်ဝယ်
ငါလျှင်မျိုးချ၊ ပျိုးခဲ့ရတည့်။
တကုတ်ကုတ်လျှင်
မြက်နုတ် ပေါင်းသင်၊ နောက်ချေးတင်၍
ရေစင်ပက်သွန်း၊ နေ့စဉ်ဖြန်းသည်
ပင်ပန်းသည်လည်း ငါမသိ။
ဤယနေ့သော်
ချမ်းမြေ့ဘွယ်ရာ၊ ဥယျာဉ်သာဝယ်
ဖြာဖြာဆင့်လောင်း၊ ပင်အပေါင်းထက်
ရွှင်ကြောင်းဖန်ပြီ၊ ချုံညိုဆီတည့်
ချပ်ညီဝန်းကော့၊ ပြော့ရရော့နှင့်
ကြော့ကြော့ရှင်းရှင်း၊ ပပ၀င်းလျက်
ရောင်ဆင်းကြွစွာ၊ မြမာလာသည်
ဂန္ဓာရနံ့၊ သင်းထုံပျံ့လျက်
ညှင်းညံ့လေတွင်၊ ဂုဏ်ပွဲဆင်သော်
ငါလျှင်ပီတိ ဖြစ်လှတကား။ ။
Subscribe to:
Posts (Atom)