Thursday, October 4, 2012

ညီမလေး



ညီမလေး ကိုချစ်တယ်…။
မျှော်လင့်ချက်တစ်ခုအောက်မှာ ကျရှုံးခဲ့တဲ့ ကိုယ်ဆီ
မျှော်လင့်မထားတဲ့ အချစ်တစ်ခုကို ယူဆောင်လာပေးတဲ့
ညီမလေးကိုချစ်တယ်…။

ညီမလေးကိုလွမ်းတယ်…။
သတိရစိတ်တွေလွှမ်းမိုးပြီး တစ်ယောက်တည်း
အထီးကျန်လွန်းတဲ့ နေ၀င်ချိန်တွေရောက်တိုင်း
ညီမလေး ကိုလွမ်းတယ်…။

ညီမလေးအတွက် ကိုယ့် စိတ်ကို ကိုယ်မုန်းတယ်…။
လှပလွန်းတဲ့ ညီမလေးရဲ့  အလှအပကို
စိတ်မချမှုတွေနဲ့အတူ အူတိုနေရတဲ့အခါတိုင်း
ကိုယ့်စိတ်ကိုယ်ကိုယ်မုန်းတယ်…။

ညီမလေးကိုခွင့်လွှတ်တယ်…။
ချစ်မိတဲ့အချိန်ကစလို့ အရှုံးပေးထားတဲ့ ကိုယ်ကို
ညီမလေးအနိုင်ယူနေမှန်း သိပေမယ့်လည်း
ညီမလေး ကိုခွင့်လွှတ်တယ်…။

ညီမလေးကို ချစ်နေဦးမယ်…။
ညီမလေး သတိရတဲ့အခါ ကိုယ် အမြဲရှိနေမယ်
ညီမလေး မေ့ထားရင်လည်း ကိုယ် ရင်နာရရုံလေးပါပဲ
ညီမလေး မချစ်တော့ရင်လည်း ထားခဲ့ပါ
ကိုယ်က…
ညီမလေးကို တစ်ဘ၀လုံး ချစ်နေဦးမယ်…။
                                    ကာရံချစ်သူ

0 comments:

Post a Comment