Tuesday, May 27, 2014


 
 
နင်မရှိ ရင်မဖြစ်ဘူးဆိုတဲ့
ခံစားချက်တွေနဲ့ 
နင်နဲ့ဆိုရင် အရာအားလုံးကို
ရင်ဆိုင်ဝံ့တယ်ဆိုတဲ့ စိတ်ကူးလေးတွေနဲ့
ငါ•••••
နင့် နံဘေးမှာ ရှိနေဖြစ်တာပါချစ်သူ

မခွဲဘူး နော် ဆိုတဲ့စကားသံလေးကို 
ယုံကြည်ထားသလို 
ထာဝရအတွက်လို့ ပြောတော့လည်း 
ငါ••••••
နင်ပြောစကားတွေအောက်မှာ 
သာယာမိပြန်တယ်ချစ်သူ

ခုတော့ဟာ 
ပက်သတ်ခဲ့ဖူးတာလေးတွေကို လွမ်းနေရုံ
ကြည်နူးခဲ့တာလေးတွေကို 
သတိရနေယုံကလွဲလို့ 
ငါ •••••
ဘာတခုမှ မတက်နိုင်တော့ဘူးလေ

တခါတလေ 
လွမ်းတိုင်း ကျမိတဲ့မျက်ရည်စက်တွေကိုလည်း 
အပြစ်မတင်ရက်တော့ဘူး 
ငါရွေးချယ်ဖြစ်ခဲ့ တဲ့ နှလုံးသားအတွက် 
ဦးနှောက် မပါပဲဆုံးဖြတ်ခဲ့တယ်ဆိုတာ 
ရင်ဘတ်ထဲက သိပါတယ်လေ 
ဒီတော့ 
ကျေကျေနပ်နပ် ဝမ်းနည်းနေယုံပေါ့

ချန်ခဲ့တဲ့သူနဲ့ 
ကျန်ခဲ့တဲ့သူ ဘယ်သူက ပိုလွမ်းသလဲဆိုတာ
နင်မရှိလည်း နေနိုင်ပါတယ်ဆိုတဲ့ 
အတွေးလေးနဲ့ 
နင့်အဝေးမှာ ရှိနေဖြစ်တော့မှာပါချစ်သူရယ် 
ပြီးတော့ ပိုသာတဲ့ အလွမ်းတွေနဲ့ပေါ့

(ပုံရိပ်စစ်)