Tuesday, May 28, 2013

အကြင်နာစစ်နဲ့ ဆက်ချစ်နေဆဲပါ ချစ်သူ


မချစ်တတ်တဲ့ ငါ့ ကို

ချစ်တတ်အောင် သင်ပေးခဲ့ပီးမှ

ရက်စက်ခဲ့တာ ဘာကြောင့်လဲ .. .. .. ?

အလွမ်းတွေးနဲ့ မိတ်ဖွဲ့ခိုင်းပြီး

မျက်ရည်ကို အဖေါ်လုပ်ခိုင်းရက်တယ်နော်

မင်းပေးခဲ့ အကြင်နာတွေက

တဒင်္ဂလေး ဆိုပေမဲ့

ငါ့ ရင်ထဲမှာတော့

ထာဝရ အတွက် ကဗ္မည်းရေးထိုးတာပါ ချစ်သူ ရယ်

မင်း မကြင်နာ လို့ ထားရစ်ခဲ့ပေမဲ့

အကြင်နာစစ်နဲ့ ဆက်ချစ်နေဆဲပါ ချစ်သူ

Tuesday, May 7, 2013

ဥပေက္ခာ အချစ်



သစ္စာတရားက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး လိမ်ညာခြင်းကိုရွေးပါ။

လိမ်ညာခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး တိတ်ဆိတ်ခြင်းကိုရွေးပါ။

တိတ်ဆိတ်ခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး ခွဲခွါခြင်းကိုရွေးပါ။

ချစ်ခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကောင်မလေးရေ….
ကျေးဇူးပြုပြီး ငါ့အနားမကပ်ပါနဲ့။

လောင်ကျွမ်းခံဖို့…
ဆေးလိပ်က မီးခြစ်ကို ချစ်မိသလိုမျိုး
အဖျော်ခံဖို့….
သကြားက ရေကို ချစ်မိသလိုမျိုး
စွန့်ပစ်ခံဖို့….
နာကျင်ခြင်းက ပျော်ရွှင်ခြင်းကို ချစ်မိသလိုမျိုး
ငါ့အချစ်တွေ လောင်ကျွမ်း၊ အရည်ပျော်၊ စွန့်ပစ်ခံလို့….

နာကျင်ခြင်းတွေ နှလုံးအိမ်ထဲ ထာဝရခိုအောင်းမနေဖို့
ကောင်မလေးရေ….
“ချစ်တယ်” ဆိုတဲ့စကားကို လွယ်လင့်တကူ မပြောပါနဲ့....