Wednesday, September 4, 2013

မပြေလည်ခြင်းသို့


ဘယ်စာမျက်နှာမှာ မှ
ရေးမခြစ်ရသေးတဲ့ 
ကျွန်တော်ရဲ့  မာတိကာ တွေမှာ
ဘ၀နှစ်ခုပေါင်းစပ်ဖို့ 
၁၅၀၀ ဆိုတဲ့ စကားတွေနဲ
အစပြုခဲ့ ကြတယ်.........
လူတစ်ယောက်ကို ချစ်ရတာ
ပူလောင်တယ်လို့ 
ဘယ်သူတွေ ငြီတွားခဲ့ တာလဲ
ကျွန်တော်က ကျွန်တော် ချစ်တဲ့သူကို
အပြုံးပန်းတွေဖူးပွင့် ဝေသလို
သူရဲ့  ရယ်မောခြင်းတွေကပဲ
ကျွန်တော်ဆီကို ပျော်ရွှင်ခြင်းတွေ
ဝတ်မှုံကူးသလို ကူးစေတယ်.....
တကယ်ဆို အချိန်တိုင်း
တစ်ယောက်ကို တစ်ယောက်
မျက်လုံးတွေနဲ့ ကြည်နူးခွင့် မရခဲ့ရင်တောင်
နေတိုင်းဖုန်းလေးထဲမှာပဲ
အလွှမ်းတွေသယ်ခဲ့ကြတယ်
လက်ဖ၀ါးခြင်း ထပ်ပြီး
အနာဂတ်အတွက် ယုံကြည်ခြင်းတွေ ခိုင်မြဲနေရက်နဲ့ 
သ၀န်တိုတယ်လို့  ဆိုလာတိုင်း
ကျွန်တော်က သည်းခံခြင်းရဲ့ အဆုံးတစ်ဖက်မှာပါ
ဟုတ်ပါတယ် ...
ကျွန်တော်တို့တွေ အရမ်းချစ်ခဲ့ ကြပါတယ်
တစ်ယောက် ကို တစ်ယောက်
နားလည်မှုတွေရှိခဲ့ ကြပါတယ်
ဒါနဲ့ ......
ရွှေအိုရောင် အိမ်မက်တစ်ခုရဲ့ 
အနားသတ်မှာ ဘယ်သူတွေများ
လေချွန်ခဲ့ တာလဲ
မုန်းတိုင်းတွေကို ထန်းလို့....................

Tuesday, May 28, 2013

အကြင်နာစစ်နဲ့ ဆက်ချစ်နေဆဲပါ ချစ်သူ


မချစ်တတ်တဲ့ ငါ့ ကို

ချစ်တတ်အောင် သင်ပေးခဲ့ပီးမှ

ရက်စက်ခဲ့တာ ဘာကြောင့်လဲ .. .. .. ?

အလွမ်းတွေးနဲ့ မိတ်ဖွဲ့ခိုင်းပြီး

မျက်ရည်ကို အဖေါ်လုပ်ခိုင်းရက်တယ်နော်

မင်းပေးခဲ့ အကြင်နာတွေက

တဒင်္ဂလေး ဆိုပေမဲ့

ငါ့ ရင်ထဲမှာတော့

ထာဝရ အတွက် ကဗ္မည်းရေးထိုးတာပါ ချစ်သူ ရယ်

မင်း မကြင်နာ လို့ ထားရစ်ခဲ့ပေမဲ့

အကြင်နာစစ်နဲ့ ဆက်ချစ်နေဆဲပါ ချစ်သူ

Tuesday, May 7, 2013

ဥပေက္ခာ အချစ်



သစ္စာတရားက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး လိမ်ညာခြင်းကိုရွေးပါ။

လိမ်ညာခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး တိတ်ဆိတ်ခြင်းကိုရွေးပါ။

တိတ်ဆိတ်ခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး ခွဲခွါခြင်းကိုရွေးပါ။

ချစ်ခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကောင်မလေးရေ….
ကျေးဇူးပြုပြီး ငါ့အနားမကပ်ပါနဲ့။

လောင်ကျွမ်းခံဖို့…
ဆေးလိပ်က မီးခြစ်ကို ချစ်မိသလိုမျိုး
အဖျော်ခံဖို့….
သကြားက ရေကို ချစ်မိသလိုမျိုး
စွန့်ပစ်ခံဖို့….
နာကျင်ခြင်းက ပျော်ရွှင်ခြင်းကို ချစ်မိသလိုမျိုး
ငါ့အချစ်တွေ လောင်ကျွမ်း၊ အရည်ပျော်၊ စွန့်ပစ်ခံလို့….

နာကျင်ခြင်းတွေ နှလုံးအိမ်ထဲ ထာဝရခိုအောင်းမနေဖို့
ကောင်မလေးရေ….
“ချစ်တယ်” ဆိုတဲ့စကားကို လွယ်လင့်တကူ မပြောပါနဲ့....

Wednesday, January 9, 2013

ကမ်းမျှော် ရွက်လွှင့် 



ရင်ခုန်နှစ်သက်
အလွမ်းရက်ရှည်
မျက်ရည်ပင်လယ်
ရွက်လွှင့်ကျယ်ပြော
ဝဲလည်မျောခဲ့ 
ဒီလိုနဲ့ 
သောကပဲ့ စင်
ကမ်းကိုမြင်ပြီ
အချစ်ရင်ဖွင့်ကြိုပါတော့။