နင့်ကြောင့်  ငါ ရူးမတတ် ခံစားရရင်တောင်..
ငါ့ကြောင့် နင် နည်းနည်းလေးမှ စိတ်မရှုပ်စေရဘူး။

နင့် ကြောင့်  ငါအလူးအလဲငိုကြွေးရရင်တောင်...
ငါ့ကြောင့် နင် တစ်ချက်ကလေးမှ အပြုံးမပျက်စေရဘူး။
နင့် ကြောင့်  ငါ့ဘဝ တစ်စစီ ပျက်စီးသွားရင်တောင်...
ငါ့ ကြောင့် နင့်ဘဝ တစ်သက်လုံးမမှေးမှိန်စေရဘူး။
နင့် ကြောင့် ငါ လူတကာမေးငေါ့ ကဲ့ ရဲ့ ခံရရင်တောင်...
ငါ့ကြောင့်  နင့် သိက္ခာ လုံးဝ မကျစေရဘူး။
နင့် ကြောင့်  ငါ့မာန ပျက်သုဉ်းသွားရင်တောင်...
ငါ့ကြောင့်  နင့် မျက်နှာမညှိုးစေရဘူး။
နောက်ဆုံး နင် ငါကို မလိုအပ်တောလို့  ထားသွားခဲ့ ရင်တောင်...
ငါကြည်ဖြူစွာ နဲ့  အမြဲ ဆုတောင်းပေးနေမှာပါ..
ငါ့ ထက် နင့်ကို ပိုချစ် ပိုမြတ်နိုး ပိုတန်ဖိုးထားပြီ
မင်းလိုအပ်တဲ့ အရာအားလုံး ကိုဖြည့် ဆည်း နိုင်တဲ့  သူနဲ့ ဆုံဆည်းနိုင်ပါစေ..။